Tuesday, December 10, 2019

Mi စမတ်ဖုန်းကိုင်ဆောင်သူများအနေနဲ့ သိသင့်တဲ့အချက်များ ♫

Mi စမတ်ဖုန်းကိုင်ဆောင်သူများအနေနဲ့ သိသင့်တဲ့အချက်များ ♫

Xiaomi ( Mi ) ဖုန်းတစ်လုံးကိုကိုင်ဆောင်တော့မယ်ဆိုရင် အောက်ပါအချက်လေးတွေကို သိထားဖို့လိုအပ်ပါ တယ်။ ဘာတွေလည်းဆိုတာကိုတော့ ဖတ်ကြည့်လိုက်ကြပါအုံး

📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖
(1) Softwareတစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် – Setting >> Additional Setting >> Privacy >> Unknown Sources

(2)Developer Option မတွေ့တာ
ကိုအမှန်ခြစ်ပေးလိုက်ပါ။
ဖြေရှင်းရန် – Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ။

(3)Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် – Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ။

(4)Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger popup တက်မလာတာ
ဖြေရှင်းရန် – Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ။

(5)Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် – Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ။

(6)Ringtone ပြောင်းရန်မတွေ့တာ
ဖြေရှင်းရန် – (၁) Setting >> Sound >> Phone Ringtone>> အပြာဝိုင်းလေးနှင့် မြားလေးအောက်ဆိုက်နေသော Offline icon >> အောက်နားတွင် Browse >> ထိုမှတစ်ဆင့် ဖိုင်ထဲတွင် လိုသော Ringtone ပြောင်းပါ။

Famous and Useful MIUI Tricks for you

– Call Log ကိုဖွင့်၍ ထို Call Log တစ်ခုကို ဖိထားလျင် လုပ်ဆောင်နိုင်သော ဆောင်ရွက်ချက်များ ပါသည့် Pop up ပေါ်လာမည်။

– Message ဝင်လာပြီး မဖတ်ရသေးသည့် Message ကို ဖတ်ပြီးသားအဖြစ် သတ်မှတ်လိုပါက ထို Message ကို ဘယ်မှ ညာသို့ ဆွဲကြည့်ပါက Read ဖြစ်သွားပါလိမ့်မည်။

– Menu ခလုတ်ကိုဖိထားပါက လက်ရှိဖွင့်ထားသော App ၏ Setting တက်လာမည် ဖြစ်သည်။ ဥပမာ Call Log ကိုဖွင့်ပြီး Menu ကိုဖိထားပါက call setting တက်လာမည်။ Message ကိုဖွင့်ပြီး နှိပ်ပါက Message Setting

– ဘာ App မှဖွင့်မထားပဲ Menu ကိုနှိပ်ထားပါက Home Screen Edit mode အသင့်ဖြစ်နေသည်ကိုတွေ့ရမည်။ လက်နှစ်ချောင်းဖြင့် home screen ကို စုဆွဲလိုက်လျင်(pinch gesture) လည်း ထို mode ထဲရောက်သည်။

– လက်သုံးချောင်းဖြင့် မျက်နှာပြင်ကိုစုဆွဲလိုက်လျင် home page viewer ကိုရောက်သွားမည်ဖြစ်သည်။

– Home Screen ပေါ်ရှိ icon များတွင် Notification ဝင်ပါက 1,2,3 အစရှိသဖြင့် ပြလေ့ရှိသည် (ဥပမာ Facebook, Messenger) ထို icon ကိုနှစ်ချက်ဆက်တိုက် နှိပ်ပါက notification ကိုတိုက်ရိုက်ပြပေးသည်။

– Screen ပေါ်တွင် icon များပြန့်ကျဲနေပါက Menu ကိုနှိပ်ထားလိုက်ပါ။ ထို့နောက် ဖုန်းကို လှုပ်ခါ၍ icon များကို အလိုအလျောက် စီထားနိုင်ပါသည်။

– Lock Screen တွင် Home Button ကိုဖိထားပါက ဓာတ်မီးအဖြစ် အသုံးပြုနိုင်ပါသည်။

– Home ခလုတ်မှစ၍ ဘယ်ဘက်ကို ပွတ်ဆွဲလိုက်ပါက One Handed mode သို့ ဝင်ရောက်သွားမည်ဖြစ်သည်။

– ကင်မရာကိုဖွင့်၍ လက်ဖြင့် မျက်နှာပြင်ကို တစ်ချက်ထောက်ပါ။ ထိုအခါ ကင်မရာသင်္ကေတလေးနှင့် အဝိုင်းလေး ပေါ်လာမည်။ ထိုအဝိုင်းလေးကို လှည့်ခြင်းဖြင့် အလင်းချိန်နိုင်သလို ကင်မရာပုံလေးကိုနှိပ်၍ ဓာတ်ပုံ ရိုက်ကူးနိုင်သည်။

– Setting ထဲမှ Notification သို့ဝင်၍ Edit Carrier Name တွင် မိမိရေးလိုသော နာမည်ရေးပါ Status ဘားပေါ်ရှိ ဖုန်းလိုင်းတိုင် လေးများဘေးတွေ ထိုစာသား ပေါ်နေမည်။

– Setting ထဲမှ SIM Cards and Mobile Networks ထဲတွင် မိမိတို့ ကတ်နာမည်များ ပေးထားခြင်းဖြင့် Dial Pad တွင် ထိုနာမည်ပေါ်နေမည်။

– Setting >> Additional Settings >> Buttons ထဲသို့ဝင်၍ မိမိ နှစ်သက်ရာ ခလုတ်အလိုက် Function များရွေးချယ်နိုင်သည်။

– Home Screen Edit Mode ထဲဝင်ပါ။ ထို့နောက် မိမိ ထုတ်လိုသော app များကို လိုက်နှိပ်ပါ။ ၎င်းတို့သည် Dock ပေါ်တန်းစီ ရောက်သွားမည်ဖြစ်သည်။ ထို့နောက် pinch gesture ဖြင့် app လေးများကို Group ဖွဲ့လိုက်ပါ။ ထို Group ကို ဖိဆွဲပြီး အပေါ်ဘက်ရှိ Uninstall မှတစ်ဆင့် တစ်ပြိုင်တည်း ဖျက်ပစ်နိုင်သည်။

– Menu ခလုတ်ကိုတစ်ချက်နှိပ်လိုက်ရင် လက်ရှိ RUN နေသော app list ကိုတွေ့ရမည် ဖြစ်သည်။ ကြက်ခြေခတ်ကို နှိပ်လိုက်ရင် အားလုံး ပိတ်ပြီး ဖြစ်သွားမည်။ အကယ်၍ မပိတ်ချင်ပဲ အမြဲထားလိုသော app ရှိပါက ထို app ကိုအောက်သို့ အနည်းငယ်ဆွဲချကြည့်ပါ Lock ဖြစ်သွားမည်။ ပြန်ဖြုတ်လိုက နောက်တစ်ခေါက်ဆွဲချပါ။

– Lock Screen ကိုသင်လိုသလို ပြောင်းလဲနေအောင် Settings > Wallpaper > Choose Wallpaper > Daily Lock Screen မှတစ်ဆင့် ချိန်ယူနိုင်ပြီး လိုသလိုပြောင်းလဲနေမည်။

– Messaging ကိုဖွင့်ကာ Menu Key ကိုနှိပ်၍ Setting ထဲဝင်ပါ ။ထို့နောက် Check SMS for verification code ကို On ထားလိုက်ပါ .. OTP ကုတ်များဝင်လာလျင် copy ကူးရလွယ်အောင် စီစဉ်ပေးမည်ဖြစ်သည်။

– Notification ကိုဆွဲချ၍ Toggle များဘက်သို့ဝင်ကာ Guest mode ကိုဖွင့်ထားလိုက်ခြင်းအားဖြင့် သင့်ဖုန်းထဲက ဓာတ်ပုံတွေ မက်ဆေ့တွေ call log တွေကိုတစ်ခဏချင်း ဖျောက်နိုင်မည်ဖြစ်သည်။ Setting >> Additional Setting>> Privacy >> Privacy Protection ထဲမှာလည်း Guest mode ဖျောက်တာကို password ပေးပြီး ကာကွယ်ထားနိုင်ပါသည်။

– Camera ကိုဖွင့်ကာ Menu ကိုဖိထားပြီး Setting ထဲဝင်ပါ ထို့နောက် Scan QR code ကိုဖွင့်ထားလိုက်ပါ။ QR ကုတ်တွေကို သာမာန် ကင်မရာကနေ ဖတ်လို့ရပြီဖြစ်သည်။

– Call Log များ Message များကိုဖိထား၍ Block List ထဲတန်းထည့်နိုင်ပါသည်
– သင့်ဖုန်းထဲက app များကို မိုဘိုင်းအင်တာနက် လုံးဝ အသုံးမပြုစေလိုပါက Security App မှတစ်ဆင့် Data >> Restrict Data Usage များကို စိတ်တိုင်းကျ ပြုလုပ်နိုင်ပါသည်။

– Volume Down or Up တစ်ခုခုကို နှိပ်လိုက်ပါက ခေါင်းလောင်း သင်္ကေတလေး ဖြင့်အသံအတိုးအကျယ် သင်္ကေတလေးပါလာမည်။ ထိုသင်္ကေတလေးကို ဖိထားလိုက်ပါက အသံများကို ချိန်ညှိသည့်နေရာတစ်ခု ပေါ်လာမည် ဖြစ်သည်။

crd-ပွကြီး