Friday, October 5, 2018

ရှမ်းဗွေ

မိမိလက်ချောင်းလေးတွေမှာ
လက်ဗွေလေးတွေရှိတာ လူတိုင်းသိပေမယ့်
လက်ဗွေတွေရဲ့အကြောင်းတော့ မလေ့လာရင်
သိတဲ့သူ မရှိသလောက်နည်းပါးပါတယ်။

လက်ချောင်းလေးများမှာ ရိုးရိုးဗွေသာ အများဆုံးပါတတ်ပေမယ့်
စက်ဝိုင်းပုံစံ ခရုပတ်ဗွေ ဆိုတာလဲရှိပါတယ်။
ရိုးရိုးဗွေများရဲ့ပုံသဏ္ဍာန်က လှိုင်းတွန့်ပုံဖြစ်ပေမယ့်
ခရုပတ်ဗွေကတော့ အဖွင့်အပိတ်မရှိတဲ့ စက်ဝိုင်းပုံသဏ္ဍာန်ရှိပါတယ်။

နောက်ထပ် တွေ့ရှိထားတဲ့ ”ရှမ်းဗွေ” အကြောင်းပြောပြချင်ပါတယ်။
အဲ့ဒီဗွေက လူတိုင်းမှာ မပါတတ်ကြပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေမှာ လုံးဝမပါတာ အံ့သြစရာ ထူးခြားချက်ပါ။
အမျိုးသားတိုင်းတွင် ပါရှိပြီး ၎င်းဗွေရဲ့ ပုံသဏ္ဍာန်အတိုင်း လူကို အကျိုးပြုပေးပါတယ်။
ရှမ်းဗွေ ရဲ့အကျိုးပြုပုံက လောကအခေါ် ပီယ အစွမ်းကိုပေးပါတယ်။
ရှမ်းဗွေ ပုံသဏ္ဍာန်က ရိုးရိုးဗွေပုံသဏ္ဍာန်နှင့် ဆင်ပါတယ်။
ရိုးရိုးဗွေက လှိုင်းတွန့်ငယ်ပုံဖြစ်ပေမယ့်
ရှမ်းဗွေ ကတော့ အလုံးအထည်ကြီးမားပြီး
ထောင်မတ်တဲ့ပုံရှိပါတယ်။
သူရဲ့ပုံသဏ္ဍာန်လိုက်ပြီး အကျိုးပေးပုံ ကလဲ ကွဲပြားတာလဲတွေ့ရပါတယ်။
အလုံးအထည် ထောင်မတ်မှု သေးငယ်သူဆိုရင် ပီယဘက်မှာ အနည်းငယ်သာ အကျိုးပေးပြီး၊အလုံးအထည် ထောင်မတ်မှုပုံစံ အားကောင်းရင်တော့
ပီယဘက်မှာ အစွမ်းထက်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တတ်ပါတယ်။.
အလုံးအထည်၊ ထောင်မတ်မှု ပုံမှန်အနေအထားဆိုရင်တော့ ထူးထူးခြားခြား အကျိုးမပေးပဲ ပုံမှန်အတိုင်းသာရှိတတ်ကြပါတယ်။
တချို့အမျိုးသားတွေမှာတော့ ရှမ်းဗွေ ပါလာတယ်ဆိုရုံ ရေးရေးအနေအထား၊
အလုံးအထည် သေးငယ်၊ ထောင်မတ်မှု အားနည်း တဲ့ ပုံဆိုရင်တော့ သူတို့ရဲ့ ပင်ကိုယ်စိတ်ကိုပါ ပြောင်းလဲပေးလိုက်နိုင်တာကို တွေ့ရပါတယ်။
ဗွေပုံစံ ရေးရေးသာပါရှိသူများဟာ ယောကျာင်္းဟိုမုန်းဓာတ် ခန်းခြောက်၊ မ ဟိုမုန်းဓာတ်ဘက်လွန်ကဲသွားပြီး မိန်းမလျာအဖြစ် ရောက်အောင်ပို့ပေးတတ်တာကိုလဲ လေ့လာ တွေရှိရပါတယ်။
အမျိုးသမီး များအနေနဲ့လည်း မိမိနဲ့တိုက်ရိုက် မသက်ဆိုင်ပေမယ့် အမျိုးသားတဦးကို လက်ထပ်ဖို့ရည်ရွယ်ထားရင်တော့
သွယ်ဝိုက်ပြီးသက်ဆိုင်ပါပြီ။
နှစ်ဦးသားတွေ့တဲ့အခါ လက်ကလေးကိုယူပြီးသေသေချာချာကြည့်ပါ။
ရှမ်းဗွေရဲ့ အရေးအကြောင်းထင်ရှားမှု၊
အလုံးအထည်၊ ထောင်မတ်မှုတို့ကို စီစစ်ကြည့်ဖို့လိုပါတယ်။ အဲ့လိုမှ မစစ်ဆေးဖြစ်လို့ ရေးရေးလေးသါ ပါလာတဲ့သူဖြစ်နေရင်အိမ်ထောင်ရက်သားကျတဲ့အခါ
သားသမီး မထွန်းကားတတ်တာတို့၊
အိမ်ထောင်ရေးသုခ အပြည့်အဝ မရရှိ၊ မခံစားရတာတွေဖြစ်တတ်ပါတယ်။
ခုဆိုရင် ရှမ်းဗွေ အကြောင်းဗဟုသုတအနေနဲ့ သိပြီဖြစ်လို့ ကျနော့ အသိမိတ်ဆွေ အမျိုးသားအပေါင်းတို့လဲ မိမိတို့မှာ ရှိတဲ့ ရှမ်းဗွေကို ပြန်လည်စစ်ဆေးပြီး အရေးအကြောင်းထင်ရှားမှု၊ အလုံးအထည်၊ ထောင်မတ်မှု ပုံသဏ္ဍာန်တွေကို စီစစ်ပြီး
ပီယဘက်မှာ အကျိုးထူးခံစားနိုင်အောင်
စွမ်းဆောင်နိုင်ကြပါစေကြောင်း .....

                       ဗေဒ ကဝိန်
                       5.10.2018(11:15)am 

No comments:

Post a Comment