Mi စမတ်ဖုန်းကိုင်ဆောင်သူများအနေနဲ့ သိသင့်တဲ့အချက်များ ♫
Xiaomi ( Mi ) ဖုန်းတစ်လုံးကိုကိုင်ဆောင်တော့မယ်ဆိုရင် အောက်ပါအချက်လေးတွေကို သိထားဖို့လိုအပ်ပါ တယ်။ ဘာတွေလည်းဆိုတာကိုတော့ ဖတ်ကြည့်လိုက်ကြပါအုံး
📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖
(1) Softwareတစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် – Setting >> Additional Setting >> Privacy >> Unknown Sources
(2)Developer Option မတွေ့တာ
ကိုအမှန်ခြစ်ပေးလိုက်ပါ။
ဖြေရှင်းရန် – Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ။
(3)Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် – Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ။
(4)Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger popup တက်မလာတာ
ဖြေရှင်းရန် – Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ။
(5)Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် – Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ။
(6)Ringtone ပြောင်းရန်မတွေ့တာ
ဖြေရှင်းရန် – (၁) Setting >> Sound >> Phone Ringtone>> အပြာဝိုင်းလေးနှင့် မြားလေးအောက်ဆိုက်နေသော Offline icon >> အောက်နားတွင် Browse >> ထိုမှတစ်ဆင့် ဖိုင်ထဲတွင် လိုသော Ringtone ပြောင်းပါ။
Famous and Useful MIUI Tricks for you
– Call Log ကိုဖွင့်၍ ထို Call Log တစ်ခုကို ဖိထားလျင် လုပ်ဆောင်နိုင်သော ဆောင်ရွက်ချက်များ ပါသည့် Pop up ပေါ်လာမည်။
– Message ဝင်လာပြီး မဖတ်ရသေးသည့် Message ကို ဖတ်ပြီးသားအဖြစ် သတ်မှတ်လိုပါက ထို Message ကို ဘယ်မှ ညာသို့ ဆွဲကြည့်ပါက Read ဖြစ်သွားပါလိမ့်မည်။
– Menu ခလုတ်ကိုဖိထားပါက လက်ရှိဖွင့်ထားသော App ၏ Setting တက်လာမည် ဖြစ်သည်။ ဥပမာ Call Log ကိုဖွင့်ပြီး Menu ကိုဖိထားပါက call setting တက်လာမည်။ Message ကိုဖွင့်ပြီး နှိပ်ပါက Message Setting
– ဘာ App မှဖွင့်မထားပဲ Menu ကိုနှိပ်ထားပါက Home Screen Edit mode အသင့်ဖြစ်နေသည်ကိုတွေ့ရမည်။ လက်နှစ်ချောင်းဖြင့် home screen ကို စုဆွဲလိုက်လျင်(pinch gesture) လည်း ထို mode ထဲရောက်သည်။
– လက်သုံးချောင်းဖြင့် မျက်နှာပြင်ကိုစုဆွဲလိုက်လျင် home page viewer ကိုရောက်သွားမည်ဖြစ်သည်။
– Home Screen ပေါ်ရှိ icon များတွင် Notification ဝင်ပါက 1,2,3 အစရှိသဖြင့် ပြလေ့ရှိသည် (ဥပမာ Facebook, Messenger) ထို icon ကိုနှစ်ချက်ဆက်တိုက် နှိပ်ပါက notification ကိုတိုက်ရိုက်ပြပေးသည်။
– Screen ပေါ်တွင် icon များပြန့်ကျဲနေပါက Menu ကိုနှိပ်ထားလိုက်ပါ။ ထို့နောက် ဖုန်းကို လှုပ်ခါ၍ icon များကို အလိုအလျောက် စီထားနိုင်ပါသည်။
– Lock Screen တွင် Home Button ကိုဖိထားပါက ဓာတ်မီးအဖြစ် အသုံးပြုနိုင်ပါသည်။
– Home ခလုတ်မှစ၍ ဘယ်ဘက်ကို ပွတ်ဆွဲလိုက်ပါက One Handed mode သို့ ဝင်ရောက်သွားမည်ဖြစ်သည်။
– ကင်မရာကိုဖွင့်၍ လက်ဖြင့် မျက်နှာပြင်ကို တစ်ချက်ထောက်ပါ။ ထိုအခါ ကင်မရာသင်္ကေတလေးနှင့် အဝိုင်းလေး ပေါ်လာမည်။ ထိုအဝိုင်းလေးကို လှည့်ခြင်းဖြင့် အလင်းချိန်နိုင်သလို ကင်မရာပုံလေးကိုနှိပ်၍ ဓာတ်ပုံ ရိုက်ကူးနိုင်သည်။
– Setting ထဲမှ Notification သို့ဝင်၍ Edit Carrier Name တွင် မိမိရေးလိုသော နာမည်ရေးပါ Status ဘားပေါ်ရှိ ဖုန်းလိုင်းတိုင် လေးများဘေးတွေ ထိုစာသား ပေါ်နေမည်။
– Setting ထဲမှ SIM Cards and Mobile Networks ထဲတွင် မိမိတို့ ကတ်နာမည်များ ပေးထားခြင်းဖြင့် Dial Pad တွင် ထိုနာမည်ပေါ်နေမည်။
– Setting >> Additional Settings >> Buttons ထဲသို့ဝင်၍ မိမိ နှစ်သက်ရာ ခလုတ်အလိုက် Function များရွေးချယ်နိုင်သည်။
– Home Screen Edit Mode ထဲဝင်ပါ။ ထို့နောက် မိမိ ထုတ်လိုသော app များကို လိုက်နှိပ်ပါ။ ၎င်းတို့သည် Dock ပေါ်တန်းစီ ရောက်သွားမည်ဖြစ်သည်။ ထို့နောက် pinch gesture ဖြင့် app လေးများကို Group ဖွဲ့လိုက်ပါ။ ထို Group ကို ဖိဆွဲပြီး အပေါ်ဘက်ရှိ Uninstall မှတစ်ဆင့် တစ်ပြိုင်တည်း ဖျက်ပစ်နိုင်သည်။
– Menu ခလုတ်ကိုတစ်ချက်နှိပ်လိုက်ရင် လက်ရှိ RUN နေသော app list ကိုတွေ့ရမည် ဖြစ်သည်။ ကြက်ခြေခတ်ကို နှိပ်လိုက်ရင် အားလုံး ပိတ်ပြီး ဖြစ်သွားမည်။ အကယ်၍ မပိတ်ချင်ပဲ အမြဲထားလိုသော app ရှိပါက ထို app ကိုအောက်သို့ အနည်းငယ်ဆွဲချကြည့်ပါ Lock ဖြစ်သွားမည်။ ပြန်ဖြုတ်လိုက နောက်တစ်ခေါက်ဆွဲချပါ။
– Lock Screen ကိုသင်လိုသလို ပြောင်းလဲနေအောင် Settings > Wallpaper > Choose Wallpaper > Daily Lock Screen မှတစ်ဆင့် ချိန်ယူနိုင်ပြီး လိုသလိုပြောင်းလဲနေမည်။
– Messaging ကိုဖွင့်ကာ Menu Key ကိုနှိပ်၍ Setting ထဲဝင်ပါ ။ထို့နောက် Check SMS for verification code ကို On ထားလိုက်ပါ .. OTP ကုတ်များဝင်လာလျင် copy ကူးရလွယ်အောင် စီစဉ်ပေးမည်ဖြစ်သည်။
– Notification ကိုဆွဲချ၍ Toggle များဘက်သို့ဝင်ကာ Guest mode ကိုဖွင့်ထားလိုက်ခြင်းအားဖြင့် သင့်ဖုန်းထဲက ဓာတ်ပုံတွေ မက်ဆေ့တွေ call log တွေကိုတစ်ခဏချင်း ဖျောက်နိုင်မည်ဖြစ်သည်။ Setting >> Additional Setting>> Privacy >> Privacy Protection ထဲမှာလည်း Guest mode ဖျောက်တာကို password ပေးပြီး ကာကွယ်ထားနိုင်ပါသည်။
– Camera ကိုဖွင့်ကာ Menu ကိုဖိထားပြီး Setting ထဲဝင်ပါ ထို့နောက် Scan QR code ကိုဖွင့်ထားလိုက်ပါ။ QR ကုတ်တွေကို သာမာန် ကင်မရာကနေ ဖတ်လို့ရပြီဖြစ်သည်။
– Call Log များ Message များကိုဖိထား၍ Block List ထဲတန်းထည့်နိုင်ပါသည်
– သင့်ဖုန်းထဲက app များကို မိုဘိုင်းအင်တာနက် လုံးဝ အသုံးမပြုစေလိုပါက Security App မှတစ်ဆင့် Data >> Restrict Data Usage များကို စိတ်တိုင်းကျ ပြုလုပ်နိုင်ပါသည်။
– Volume Down or Up တစ်ခုခုကို နှိပ်လိုက်ပါက ခေါင်းလောင်း သင်္ကေတလေး ဖြင့်အသံအတိုးအကျယ် သင်္ကေတလေးပါလာမည်။ ထိုသင်္ကေတလေးကို ဖိထားလိုက်ပါက အသံများကို ချိန်ညှိသည့်နေရာတစ်ခု ပေါ်လာမည် ဖြစ်သည်။
crd-ပွကြီး

thinyanant.blogspot.com
Tuesday, December 10, 2019
Friday, October 5, 2018
ရှမ်းဗွေ
မိမိလက်ချောင်းလေးတွေမှာ
လက်ဗွေလေးတွေရှိတာ လူတိုင်းသိပေမယ့်
လက်ဗွေတွေရဲ့အကြောင်းတော့ မလေ့လာရင်
သိတဲ့သူ မရှိသလောက်နည်းပါးပါတယ်။

လက်ချောင်းလေးများမှာ ရိုးရိုးဗွေသာ အများဆုံးပါတတ်ပေမယ့်
စက်ဝိုင်းပုံစံ ခရုပတ်ဗွေ ဆိုတာလဲရှိပါတယ်။
ရိုးရိုးဗွေများရဲ့ပုံသဏ္ဍာန်က လှိုင်းတွန့်ပုံဖြစ်ပေမယ့်
ခရုပတ်ဗွေကတော့ အဖွင့်အပိတ်မရှိတဲ့ စက်ဝိုင်းပုံသဏ္ဍာန်ရှိပါတယ်။

နောက်ထပ် တွေ့ရှိထားတဲ့ ”ရှမ်းဗွေ” အကြောင်းပြောပြချင်ပါတယ်။
အဲ့ဒီဗွေက လူတိုင်းမှာ မပါတတ်ကြပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေမှာ လုံးဝမပါတာ အံ့သြစရာ ထူးခြားချက်ပါ။
အဲ့ဒီဗွေက လူတိုင်းမှာ မပါတတ်ကြပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေမှာ လုံးဝမပါတာ အံ့သြစရာ ထူးခြားချက်ပါ။
အမျိုးသားတိုင်းတွင် ပါရှိပြီး ၎င်းဗွေရဲ့ ပုံသဏ္ဍာန်အတိုင်း လူကို အကျိုးပြုပေးပါတယ်။
ရှမ်းဗွေ ရဲ့အကျိုးပြုပုံက လောကအခေါ် ပီယ အစွမ်းကိုပေးပါတယ်။
ရှမ်းဗွေ ပုံသဏ္ဍာန်က ရိုးရိုးဗွေပုံသဏ္ဍာန်နှင့် ဆင်ပါတယ်။
ရိုးရိုးဗွေက လှိုင်းတွန့်ငယ်ပုံဖြစ်ပေမယ့်
ရှမ်းဗွေ ကတော့ အလုံးအထည်ကြီးမားပြီး
ထောင်မတ်တဲ့ပုံရှိပါတယ်။
သူရဲ့ပုံသဏ္ဍာန်လိုက်ပြီး အကျိုးပေးပုံ ကလဲ ကွဲပြားတာလဲတွေ့ရပါတယ်။
အလုံးအထည် ထောင်မတ်မှု သေးငယ်သူဆိုရင် ပီယဘက်မှာ အနည်းငယ်သာ အကျိုးပေးပြီး၊အလုံးအထည် ထောင်မတ်မှုပုံစံ အားကောင်းရင်တော့
ပီယဘက်မှာ အစွမ်းထက်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တတ်ပါတယ်။.
ရှမ်းဗွေ ရဲ့အကျိုးပြုပုံက လောကအခေါ် ပီယ အစွမ်းကိုပေးပါတယ်။
ရှမ်းဗွေ ပုံသဏ္ဍာန်က ရိုးရိုးဗွေပုံသဏ္ဍာန်နှင့် ဆင်ပါတယ်။
ရိုးရိုးဗွေက လှိုင်းတွန့်ငယ်ပုံဖြစ်ပေမယ့်
ရှမ်းဗွေ ကတော့ အလုံးအထည်ကြီးမားပြီး
ထောင်မတ်တဲ့ပုံရှိပါတယ်။
သူရဲ့ပုံသဏ္ဍာန်လိုက်ပြီး အကျိုးပေးပုံ ကလဲ ကွဲပြားတာလဲတွေ့ရပါတယ်။
အလုံးအထည် ထောင်မတ်မှု သေးငယ်သူဆိုရင် ပီယဘက်မှာ အနည်းငယ်သာ အကျိုးပေးပြီး၊အလုံးအထည် ထောင်မတ်မှုပုံစံ အားကောင်းရင်တော့
ပီယဘက်မှာ အစွမ်းထက်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တတ်ပါတယ်။.
အလုံးအထည်၊ ထောင်မတ်မှု ပုံမှန်အနေအထားဆိုရင်တော့ ထူးထူးခြားခြား အကျိုးမပေးပဲ ပုံမှန်အတိုင်းသာရှိတတ်ကြပါတယ်။
တချို့အမျိုးသားတွေမှာတော့ ရှမ်းဗွေ ပါလာတယ်ဆိုရုံ ရေးရေးအနေအထား၊
အလုံးအထည် သေးငယ်၊ ထောင်မတ်မှု အားနည်း တဲ့ ပုံဆိုရင်တော့ သူတို့ရဲ့ ပင်ကိုယ်စိတ်ကိုပါ ပြောင်းလဲပေးလိုက်နိုင်တာကို တွေ့ရပါတယ်။
ဗွေပုံစံ ရေးရေးသာပါရှိသူများဟာ ယောကျာင်္းဟိုမုန်းဓာတ် ခန်းခြောက်၊ မ ဟိုမုန်းဓာတ်ဘက်လွန်ကဲသွားပြီး မိန်းမလျာအဖြစ် ရောက်အောင်ပို့ပေးတတ်တာကိုလဲ လေ့လာ တွေရှိရပါတယ်။
အမျိုးသမီး များအနေနဲ့လည်း မိမိနဲ့တိုက်ရိုက် မသက်ဆိုင်ပေမယ့် အမျိုးသားတဦးကို လက်ထပ်ဖို့ရည်ရွယ်ထားရင်တော့
သွယ်ဝိုက်ပြီးသက်ဆိုင်ပါပြီ။
တချို့အမျိုးသားတွေမှာတော့ ရှမ်းဗွေ ပါလာတယ်ဆိုရုံ ရေးရေးအနေအထား၊
အလုံးအထည် သေးငယ်၊ ထောင်မတ်မှု အားနည်း တဲ့ ပုံဆိုရင်တော့ သူတို့ရဲ့ ပင်ကိုယ်စိတ်ကိုပါ ပြောင်းလဲပေးလိုက်နိုင်တာကို တွေ့ရပါတယ်။
ဗွေပုံစံ ရေးရေးသာပါရှိသူများဟာ ယောကျာင်္းဟိုမုန်းဓာတ် ခန်းခြောက်၊ မ ဟိုမုန်းဓာတ်ဘက်လွန်ကဲသွားပြီး မိန်းမလျာအဖြစ် ရောက်အောင်ပို့ပေးတတ်တာကိုလဲ လေ့လာ တွေရှိရပါတယ်။
အမျိုးသမီး များအနေနဲ့လည်း မိမိနဲ့တိုက်ရိုက် မသက်ဆိုင်ပေမယ့် အမျိုးသားတဦးကို လက်ထပ်ဖို့ရည်ရွယ်ထားရင်တော့
သွယ်ဝိုက်ပြီးသက်ဆိုင်ပါပြီ။
နှစ်ဦးသားတွေ့တဲ့အခါ လက်ကလေးကိုယူပြီးသေသေချာချာကြည့်ပါ။
ရှမ်းဗွေရဲ့ အရေးအကြောင်းထင်ရှားမှု၊
အလုံးအထည်၊ ထောင်မတ်မှုတို့ကို စီစစ်ကြည့်ဖို့လိုပါတယ်။ အဲ့လိုမှ မစစ်ဆေးဖြစ်လို့ ရေးရေးလေးသါ ပါလာတဲ့သူဖြစ်နေရင်အိမ်ထောင်ရက်သားကျတဲ့အခါ
သားသမီး မထွန်းကားတတ်တာတို့၊
အိမ်ထောင်ရေးသုခ အပြည့်အဝ မရရှိ၊ မခံစားရတာတွေဖြစ်တတ်ပါတယ်။
ရှမ်းဗွေရဲ့ အရေးအကြောင်းထင်ရှားမှု၊
အလုံးအထည်၊ ထောင်မတ်မှုတို့ကို စီစစ်ကြည့်ဖို့လိုပါတယ်။ အဲ့လိုမှ မစစ်ဆေးဖြစ်လို့ ရေးရေးလေးသါ ပါလာတဲ့သူဖြစ်နေရင်အိမ်ထောင်ရက်သားကျတဲ့အခါ
သားသမီး မထွန်းကားတတ်တာတို့၊
အိမ်ထောင်ရေးသုခ အပြည့်အဝ မရရှိ၊ မခံစားရတာတွေဖြစ်တတ်ပါတယ်။
ခုဆိုရင် ရှမ်းဗွေ အကြောင်းဗဟုသုတအနေနဲ့ သိပြီဖြစ်လို့ ကျနော့ အသိမိတ်ဆွေ အမျိုးသားအပေါင်းတို့လဲ မိမိတို့မှာ ရှိတဲ့ ရှမ်းဗွေကို ပြန်လည်စစ်ဆေးပြီး အရေးအကြောင်းထင်ရှားမှု၊ အလုံးအထည်၊ ထောင်မတ်မှု ပုံသဏ္ဍာန်တွေကို စီစစ်ပြီး
ပီယဘက်မှာ အကျိုးထူးခံစားနိုင်အောင်
စွမ်းဆောင်နိုင်ကြပါစေကြောင်း .....
ပီယဘက်မှာ အကျိုးထူးခံစားနိုင်အောင်
စွမ်းဆောင်နိုင်ကြပါစေကြောင်း .....
ဗေဒ ကဝိန်
5.10.2018(11:15)am
5.10.2018(11:15)am
Saturday, September 22, 2018
skynet KHDS862 စက် FTA(free to air)လိုင်းထည့်ခြင်း
Skynet KHDS862စက်အတွက်
FTA(free To Air)လိုင်းထည့်ခြင်း
MENUနှိပ်
Installationပေါ်ရွှေ့ 1126တန်းရိုက်
Clear CA flashနှိပ်
Burn serial numberကိုနှိပ် 678ရေး
ပြန်ထွက်
Clear provider name ကို okပေး
menuနှင့်ပြန်ထွက်
Installation ထဲဝင်
Manual scanကိုနှိပ် 1126ထည့်
Transponder အလွတ်ဆီသွား 6,7မှာလွတ်တယ်.
(ဥပမာ)
Transpoder 6
Frequency 12405
Symbol Rate 45000
Pol V
ထည့်ပြီး save
နောက်ထပ် okထပ်နှိပ် signalရှိရင် လိုင်းကျလာပါလိမ့်မည်။
Menuနဲ့ပြန်ထွက်
ထပ်တိုးလိုင်းများ channal no.1မှစ၍ရောက်နေမည်။
လိုအပ်သောလိုင်းများအတွက်TPများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
📡12405V45000တွင်=>
1,MRTV
2,5PLUS
3,FARMER
4,HLUTTAW
5,CNAI
6,CGTN
7,FRANCE 24 ENG
8,NHK WORLD
9,FRANCE 24 FR
10,TV5 MONDE
11,DW
12,MRTV SPORT
📡12468V45000တွင်=>
1MAHARBAWDI
2READER
3FOR EDU
4MRTV4
5CHANNAL7
📡11600H30000တွင်=>
1MVLAO,
2THAIBAAN,
3ASIANMIX,
4FONG,
5NONSTOP,
6PARATA,
7INM,
8DRAGON,
9OSCAR,
10CNS,
11DFT,
12HORROR,
13TVBL,
14CARTOON KID,
15WSM,
16,SEOUL,
17HMONG TV,
18HAPPYTV,
19CH6
📡12563V30000တွင်=<
33လိုင်းကျ တစ်လိုင်းမှမပွင့်
📡11170H30000တွင်=>
1maharပဲပွင့် ကျန်တာbisskeyနဲ့ဖွင့်မရ
📡12355V30000တွင်=>
10လိုင်းတက် bkလိုင်းများသာ
📡12729V30000,တွင်=>
22လိုင်းကျ
1,Tiger
2,Test 09(online shopping)
3,Test 17(online shopping)
4,Test 19(mahar)
5,Test 21 DVB
6,M CH
7,PSI
📡11600H30000တွင်=>
1,MVLAO
2,THAIBAAN
3,ASIANMIX
4,FONG
5,NONSTOP
6,PARATA
7,INM
8,DRAGON
9,OSCAR
10,ENC08.07.SD
11,DFT
12,HORROR
13,TVBL
14,CARTOON KID
15,WSM
16,SEOUL
17,HMONG TV
18,HAPPY TV
19,CH6
📡11640 H 30000တွင်=>
1,NOSDT 1f(work shop)
2,NOSDT 2b(နွားပွဲ)
3,NOSDT 34
4,NOSDT 45(VARIETY.2)
5,NOSDT 64(goba)
6,NOSDT 78(SAT TV)
ကျွန်တော့မှာရှိတဲ့ KHDS862 ဖြင့် စမ်းထည့်ကြည့်တာတော့ အားလုံး ok📡
မူရင်းရေးသားသော ဆရာများအား creditပေးပါတယ်.👍
ကျွန်တော်ကတော့ မလုပ်ဖူးသောသူများ
အဆင်ပြေစေဖို့ အတွက် ထည့်နည်းနှင့်TPများအား ပေါင်းစည်းပေးထားခြင်းသက်သက်မျှသာဖြစ်ပါသည်။
Saturday, April 28, 2018
နာရီတစ်လုံးရဲ့ ငြင်းဆိုမှု
နာရီတစ်လုံးရဲ့ငြင်းဆိုမှု
ကျွန်တော်ဟာ နာရီတစ်လုံးပဲဖြစ်တယ်။
အချိန်လိုသူ အတွက်လဲ ကျွန်တော့်လက်တံက ခြေလှမ်းမကျဲဘူး။
အချိန်ခိုလိုသူ အတွက်လဲ ကျွန်တော့်အချက်ပေးသံက လွဲချော်မသွားဘူး။
အမှန်တရားနဲ့ဆက်ဆံဖို့ ကျွန်တော့်လက်တံနဲ့ ဇယားကွက်ဟာ ဘယ်သူ့တွက်မှ ပဉ္စလက်မပြဘူး ။
ဘယ်သူ့တွက်မှငဲ့ညှာပြီး နောက်မကျဘူး ဘယ်သူတွက်မှ မျက်နှာလုပ်ပြီး မမြန်ဘူး
မနက်ဖြန်ကိုလဲ ပြန်ပေးမဆွဲဘူး ဒီနေ့နဲ့လဲ အပေးအယူ မလွဲဘူး။
အဲ...တစ်ခုတော့ရှိတာပေါ့ ခင်ဗျားလက်မဆော့ရင်ပေါ့လေ....။ ။
ဘယ်သူ့တွက်မှငဲ့ညှာပြီး နောက်မကျဘူး ဘယ်သူတွက်မှ မျက်နှာလုပ်ပြီး မမြန်ဘူး
မနက်ဖြန်ကိုလဲ ပြန်ပေးမဆွဲဘူး ဒီနေ့နဲ့လဲ အပေးအယူ မလွဲဘူး။
အဲ...တစ်ခုတော့ရှိတာပေါ့ ခင်ဗျားလက်မဆော့ရင်ပေါ့လေ....။ ။
နောင်ဝင်းထွန်း
Thursday, April 26, 2018
အော်ကွေ့ကြည်
မုန်လာဥနီ၊ပိန်းဥ၊ရွှေဖရုံ မိမိကြိုက်နှစ်သက်ရာဖြင့်ပြုလုပ်နိုင်ပါသည်။မုန်လာဥနီ၊ပိန်းဥတို့ဖြင့်ပြုလုပ်မည်ဆိုပါက သဘောင်္ခြစ်ဖြင့် ခြစ်ကာထည့်နိုင်ပေမယ့်ရွှေဖရုံဖြင့်ပြုလုပ်မည်ဆိုပါက အနေတော်အတုံးလေးများတုံး ၊နူးအောင်ပေါင်းပြီး ကြေအောင်ချေကာ ထည့်၍အသုံးပြုနိုင်ပါသည်။
ပြုလုပ်ရာတွင် ဆန်မှုန့်ကော်မှုန့်အရောအနှောဖြင့်ပြုလုပ်နိုင်သလို၊ ဆန်ကိုကြိတ်၍မုန့်နှစ်အရည်ဖြင့်လည်းပြုလုပ်နိုင်ပါသည်။ ဆန်မှုန့်၊ကော်မှုန့်အရောဖြင့်ပြုလုပ်လျှင် ရေရောစပ်မှုပမာဏအနည်းအများပေါ်မူတည်၍ မုန့်သားမာခြင်း၊မခဲခြင်းများဖြစ်တတ်သည်။ယခုပြုလုပ်နည်းမှာ ဆန်ကိုကြိတ်၍ မုန့်နှစ်ရည်ဖြင့်ပြုလုပ်သောနည်းဖြစ်ပြီး မုန့်ပျက်စီးမှုနည်းခြင်း၊ပြုလုပ်ရလွယ်ကူုခြင်း၊မုန့်သားနူးညံ့ချောမွတ်ကာစားကောင်းသောနည်းဖြစ်ပါသည်။
ပေါ်ဆန်းဆန်နှစ်လုံးကို ရေစင်စင်ဆေး၍တစ်ညရေစိမ်ထားပါ။ထို့နောက်ကြိတ်ဆုံတွင် မပျစ်မကျဲအနေတော်ရအောင်ကြိတ်ရပါမည်။ရေများ၍ကျဲနေလျှင် အနည်ထိုင်ထားပြီးအပေါ်အရည်ကြည်ကို လိုသလောက်ခပ်ထုတ်ပစ်လိုက်ပါ။မုန့်နှစ်ရည်သုံးပုံတစ်ပုံကို အိုးထဲထည့်၊ ဆော်ဒါမှုန့်အနည်းငယ်၊ဆားအနည်းငယ်၊လက်ချားအနည်းငယ်ထည့်ပြီးပျစ်ခဲလာအောင်မီးအေးအေးဖြင့်ကျိုပါ။မုန့်နှစ်များခဲလာလျှင် မီးဖိုပေါ်မှချပြီး ကျန်မုန့်နှစ်ရည်ထဲသို့ထည့်၊ ဆား ၊ဆော်ဒါအနည်းငယ်ထည့်ပြီး အခဲများကြေသည်အထိခလောက်ပေးပါ။ဖျော်ရည်စက်ရှိ၍ အသုံးပြုနိုင်ပါက မုန့်သားချောမွတ်ပြီး နူးညံ့စေပါသည်။
ကြက်သား/ဝက်သား တစ်ဆယ့်ငါးကျပ်သားကို ဓားဖြင့်တောက်တောက်စင်းကာ ဆီအနည်းငယ်ဖြင့် ချက်ထားပါ။ကြက်/ဝက်အူချောင်းကို အစောင်းလေးများပါးပါးလှီး၍ကြော်ထားပါ။ကြက်သွန်နီကိုပါးပါးလှီးပြီး ကြော်ထား။ မုန်လာဥနီ/ပိန်းဥတစ်ဆယ်သားကို ခြစ်ဖြင့်ခြစ်ထား။အားလုံးအဆင်သင့်ဖြစ်လျှင် ခြစ်ထားသော မုန်လာဥနီ/ ပိန်းဥ ၊ကြက်သားစဉ်းကော၊အသားချောင်း၊ကြက်သွန်နီကြော်တို့ထည့်။ ရွှေဖရုံဖြင့်ပြုလုပ်မည်ဆိုပါက ချေထားသောရွှေဖရုံသီးထည့်ကာ သမအောင်မွှေပေးပါ။
ပေါင်းအိုးကို ရေဆူအောင်တည်ထားပြီး ပေါင်းမည့်ခွက်အားဆီသုတ်၊မုန့်အနှစ်ရည်သုံးပုံတစ်ပုံထည့်ပြီး ပေါင်းပါ။ပေါင်းချိန်မှာတစ်နာရီခွဲခန့်ကြာမြင့်ပါသည်။ပေါင်းနေစဉ် ရေနွေးငွေ့လုံအောင် နှင့် မီးအဆက်မပြတ်စေရန်ဂရုပြုပါ။ပေါင်းချိန်ပြည့်လျှင် တုတ်ချောင်းလေးဖြင့် ထိုးကြည့်၍ မုန့်သားကပ်ပါမလာလျှင်ကျက်ပါပြီ။ ပေါင်းခွက်ထဲမှာတင်အအေးခံထားပြီး ပုံစံမပျက်ထုတ်ယူကာ နှစ်သက်ရာ အချဉ်ရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။ ကြော်၍စားလိုလျှင် လက်တစ်လုံးအရွယ် အချောင်းရှည်လေးများလှီးကာ ကြက်ဥခလောက်ရည်တွင်နှစ်၍ မုန့်သားနီရောင်သန်းလာသည်အထိကြော်ပြီး သုံးဆောင်နိုင်ပါပြီ။
Wednesday, April 25, 2018
အသားကောက်ညှင်းထုပ်
အသားကောက်ညှင်းထုပ်
ကောက်ညှင်းဆန် နှစ်လုံးကို ရေစင်အောင်ဆေးပြီးနှစ်နာရီခန့်ရေစိမ်ထားပါ။ကြက်သား(သို့)ဝက်သား တစ်ဆယ်ငါးကျပ်သားကို အနေတော်အတုံးလေးများတုံးကာ ကြက်သားမှုန့်၊ တရုတ်မဆလာ၊ငရုတ်ကောင်းမှုန့်၊သကြားအနည်းငယ်၊ဟင်းချက်ဝိုင်(မရလျှင်)ရရာအရက်အနည်းငယ်ထည့်နယ်ပြီးနှပ်ထားပါ။အသားနှပ်ထားစဉ်၊ရေစိမ်ထားသောကောက်ညှင်းဆန်ကိုရေစစ်ထားပါ။
အသားချက်ရန် ဆီအနေတော်ထည့်၍ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပြီးအသားထည့်၊ကြာညို ပဲငံပြာရည်အပျစ်အနည်းငယ်ထည့်ပြီး အသားနူးအောင်ချက်ပါ။ဝက်အူချောင်း/ကြက်အူချောင်းကိုအစောင်းလေးများလှီးပြီးထည့်ပါ။ရေမကျန်ပဲဆီပြန်သည်အထိချက်ပါ။အသားနူးလျှင်ဆီစစ်ဆယ်ယူထားပါ။ရေစစ်ထားသောကောက်ညှင်းဆန်ကို အသားချက်ရာမှကျန်သောဆီထည့်၊အသားမှုန့်၊တရုတ်မဆလာ၊ပဲငံပြာရည်အပျစ်၊ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင်ရောနယ်ပါ။
ကောက်ညှင်းထုပ် ထုပ်ရန်အတွက် ဝါးပိုးရွက်ကိုကတော့ပုံစံလုပ်ပြီး ကောက်ညှင်းဆန်ထည့်၊အသား၊ပုဇွန်ခြောက်၊သီဟိုဠ်စေ့၊ငုံးဥပြုတ်၊မြေပဲဆံ၊ကြက်အူချောင်းထည့်ပြီး နောက်ဆုံးကောက်ညှင်းဆန်ဖုံး၍လုံအောင်ထုပ်ရပါမည်။
သင်အူကြိုးကိုအနေတော်ခွဲပြီးရေစိမ်ကာ ဆယ်ကြိုးတစ်ထုံး ထုံးပြီးကောက်ညှင်းထုပ်များချည်ကာရေနွေးဆူဆူတွင် တစ်နာရီပြုတ်ရပါမည်။ ကောက်ညှင်းထုပ်များရေပေါ်ပေါ်မနေစေရန်ရေနွေးများများထည့်ရန်လိုပါသည်။ပြုတ်ချိန် နာရီဝက်အကြာတွင် အနူးညီစေရန် အပေါ်အောက်လှန်ပေးရပါမည်။
တစ်နာရီပြည့်လျှင်ဆယ်ယူပြီး ကောက်ညှင်းထုပ်အတွဲများကို ချိတ်ဆွဲကာ ရေစစ်ရပါမည်။ကောက်ညှင်းဆန် နှစ်လုံးအားအသုံးပြုလျှင် ကောက်ညှင်းထုပ် အနေတော် ဆယ်ထုပ်ရပါမည်။
အသားကောက်ညှင်းထုပ် ထုပ်ရာတွင် ဝါးရွက်အသုံးပြု ပါက အနံ့ကိုပိုမိုကောင်းမွန်စေပါတယ်။မရလျှင် ငှက်ပျောရွက်ရေနွေးဖျောပြီး ဝါးရွက်အစား အသုံးပြုနိုင်ပါသည်။အသားကောက်ညှင်းထုပ်အား နှစ်သက်ရာ ငရုတ်ဆီ၊ အချဉ်ရည်တို့ဖြင့်တည်ခင်းသုံးဆောင်နိုင်ပါသည်။
တစ်နာရီပြည့်လျှင်ဆယ်ယူပြီး ကောက်ညှင်းထုပ်အတွဲများကို ချိတ်ဆွဲကာ ရေစစ်ရပါမည်။ကောက်ညှင်းဆန် နှစ်လုံးအားအသုံးပြုလျှင် ကောက်ညှင်းထုပ် အနေတော် ဆယ်ထုပ်ရပါမည်။
အသားကောက်ညှင်းထုပ် ထုပ်ရာတွင် ဝါးရွက်အသုံးပြု ပါက အနံ့ကိုပိုမိုကောင်းမွန်စေပါတယ်။မရလျှင် ငှက်ပျောရွက်ရေနွေးဖျောပြီး ဝါးရွက်အစား အသုံးပြုနိုင်ပါသည်။အသားကောက်ညှင်းထုပ်အား နှစ်သက်ရာ ငရုတ်ဆီ၊ အချဉ်ရည်တို့ဖြင့်တည်ခင်းသုံးဆောင်နိုင်ပါသည်။
ကျေးဇူးတင်စွာဖြင့်
Tuesday, April 24, 2018
အီကွေ့
တရုတ်နှစ်သစ်ကူးမုန့်တစ်မျိုးဖြစ်တဲ့ "တင်ကေ့"(မြန်မာအခေါ် အီကွေ့)လုပ်တော့မယ်ဆိုရင် ကောက်ညှင်းဆန်တစ်ပြည်ကိုဆန်ကြမ်းနို့ဆီတစ်ဘူးထည့်၊ ရေစင်အောင်ဆေးပြီးတစ်ညရေစိမ်ထားပါ။
ထို့နောက်ကြိတ်ဆုံတွင်ကြိတ်ကာအိတ်ဖြင့်မုန့်သား ရေကုန်လုနီးပါးဖြစ်အောင်စစ်ရပါမည်။
ကြံသကာကျို ရန် အနီရောင်ကြံသကါ ရလျှင်ပိုကောင်းပါသည်။အဝါရောင်ကြံသကာသုံးလျှင် နီရောင်ရသည်အထိကျိုရန်လိုအပ်ပါသည်။အနီရောင်မရခင်အသုံးပြုပါက မုန့်သားအရောင်မှာပြာနှမ်းနှမ်းဖြစ်တတ်ပါသည်။ကြံသကာတစ်ပိဿာကိုရေဖလားတစ်ခွက်၊ ပါဝါအနည်းငယ်၊မုန့်မျက်နှာပြင်တင်းစေရန်အတွက် လက်ချား အနည်းငယ်၊ဆား အနည်းငယ် ထည့်ပြီး အမှိုက်၊သဲတို့သန့်စင်အောင်စစ်၍ ညောင်စေးမကျတကျဖြစ်သည်အထိကျိုပါ။
ကောက်ညှင်းမုန့်ညက်ကို နှဲမည့် အိုး(သို့မဟုတ်)အင်တုံကြီးကြီးထဲသို့ ချေပြီးထည့်ကာ ကျိုထားသော ကြံသကာရည် အနည်းငယ်စီထည့်၍ မုန့်နှစ်အခဲများမဖြစ်အောင် စိတ်ရှည်လက်ရှည်နှဲပါ။ထို့သို့ ကြံသကာရည်ကုန်သည်အထိ သုံးလေးကြိမ်မျှခွဲထည့်ပြီး မုန့်အခဲမကျန်အောင် နှဲပါ။နှဲသားကောင်းလျှင်မုန့်ပိုကောင်းပါသည်။နောက်ဆုံးကြံသကာရည်ကုန်လျှင် ပေါင်းရန်အသင့်အနေအထား မုန့်နှစ်ခပ်ပျစ်ပျစ်ဖြစ်လာပါမည်။
ပေါင်းမည့်အိုးကိုရေနွေးဆူအောင်အရင်တည်ထားပါ။ပေါင်းမည့်ခွက်ကို ဆီဖတ်နှင့်ဆီသုတ်ကာ မုန့်နှစ်ကို ခွက်သုံးပုံတစ်ပုံထည့်ပါ။တစ်ဝက်အနေအထားထည့်လျှင်ပေါင်းနေ့စဉ် မုန့်သားပွတက်လာသဖြင့် ခွက်ပြည့်လျှံထွက်တတ်သည်။
ပေါင်းချိန် တစ်နာရီကျော်ကျော်ကြာပါသည်။ပေါင်းနေစဉ် ရေနွေးငွေ့များ အပြင်မထွက်စေရန် ပေါင်းချောင်ဖတ်ဖြင့်လုံအောင်လုပ်ပါ။ထင်းမီးအသုံးပြုပါက မီးအဆက်မပြတ်စေရန်လည်း ဂရုစိုက်ရပါမည်။
ပေါင်းချိန်တစ်နာရီကျော်လျှင် ပေါင်းအိုးမှချကာ နှမ်း၊ မြေပဲလှော် မညက်တညက်ထောင်းတို့ကို မျက်နှာပြင်ပေါ် နှံ့အောင်ဖြူးပေးပါ။ပေါင်းခွက်မှမုန့်ခွာလျှင် ပူနေစဉ်အချိန်မခွာပါနှင့်၊ မုန့်ပုံစံပျက်၍မလှမပဖြစ်သွားပါမည်။လုံးဝအေးသွားသည်အထိ အအေးခံထားပါ၊ဖြစ်နိုင်လျှင် တရက်လောက်အအေးခံပြီးခွာလျှင် မုန့်ပုံစံလှပစွာထွက်ပါသည်။
ကျေးဇူးတင်စွာဖြင့်....
Subscribe to:
Posts (Atom)