Thursday, April 19, 2018

နေလင်းဦး ဟသာင်္တ ကဗျာစာစုများမှ


ထပ်မှာလိုက်မယ် ဂရုစိုက်ကြ...
ဒီအဘွားကြီးက ခေါင်းမာတယ်။

ပကာသန မလိုဘူး...
ဟိတ်ဟန် မလိုဘူး...
ကော်ဇောနီ မလိုဘူး...
ထီးတော်မိုး မလိုဘူး...
ပြည်သူနဲ့ရင်ဘတ်ချင်းနီးဖို့
ရင်ဘတ်တစ်စုံပဲ လိုတယ်တဲ့
အဲ့အဘွားကြီး ခံယူချက်က ရှင်းတယ်။

တိုင်းပြည်ရဲ့ အပူကို
ရင်ဘတ်ထဲ ထွေးပိုက်ထားတဲ့သူမ
သဘာဝရဲ့အပူတွေကို
သတိမရတာ အဆန်းမဟုတ်ပေဘူး...
သတိရတဲ့သူတွေ နေနိုင်ရက်တာ ဆန်းတယ်။

ဟုတ်တယ်။
ဒီအဘွားကြီးက ခေါင်းမာတယ်။
အညာသားကြီးရဲ့ သမီး
ပြည်သူ့မိခင်ကြီးကလည်း
သူ့အဖေလိုပဲ ခေါင်းမာတယ်။

ပကာသန မလိုဘူး...
ဟိတ်ဟန် မလိုဘူး...
ထီးတွေ မိုးစရာမလိုဘူးလို့
သူမ ဘယ်လိုဆိုပေမဲ့...
နွေနေပူကြဲ ကွင်းထီးထီးထဲမှာ
သက်(၇ဝ)ကျော် ဒီအဘွား
ဘယ်လိုအားနဲ့
ခံနိုင်ရည်ရှိမလဲ...။

နွေပူဒဏ်ခ
ချွေးတစ်စက်စို့ရုံမျှနဲ့
ပင်ပန်းနွမ်းနယ်
ခံနိုင်ရည်မရှိမယ့်အရွယ်ပါ...။

ဘယ်လိုပဲ ဆူဆူ
ဘယ်လိုပဲ တားတား
ဒီအမေအို စကား
ဒီတစ်ခါ ပယ်ရှားပြီး
သူမ အတွက်
သူမ ကျန်းမာရေးအတွက်...
(တကယ်က
ဒီတိုင်းပြည်ရဲ့ ကျန်းမာရေးအတွက်)
နဲနဲဖြစ်ဖြစ် ထည့်တွက်ပြီး
နေပူမခ၊လေပြင်းတွေ မထိရအောင်
ကာကွယ်ဂရုစိုက်ပေးကြပါ....
အဲ့အဘွားကြီးက ခေါင်းမာတယ်။

နေလင်း(ဟင်္သာတ)


No comments:

Post a Comment