"ပါဝင်ပစ္စည်းများ"
မုန်လာဥနီ - ၈၀ ကျပ်သား
သကြား - ၄၅ ကျပ်သား
ဂျုံ - ၃၀ ကျပ်သား
အုန်းသီး - ၂ လုံး
ထောပတ် - ၁၅ ကျပ်သား
မြေပဲလှော် - ၁၀ ကျပ်သား
ဆား - ၁ဇွန်း(လ္ဘက်ရည်ဇွန်း)
"ပြုလုပ်ပုံ"
မုန်လာဥနီကို အခွံခြစ်ပြီး ရေစင်စင်ဆေး၍ သဘောင်္ခြစ်ဖြင့် ခြစ်ထားပါ။
အုန်းသီးကိုခြစ်၍ အုန်းနို့ဦးရေ ဖယ်ထား၊
မြေပဲလှော်ကို မညက်တညက်ထောင်းထား၊ ဂျုံကို ဆန်ကာ ချထား၊
အားလုံးအဆင်သင့်ဖြစ်လျှင် ခြစ်ထားသော မုန်လာဥနီ၊သကြား၊ဂျုံ ၊အုန်းသီးဖတ်၊မြေပဲလှော်၊ထောပတ်၊ဆားစသည်တို့ကိုထည့်၍ သမအောင် ခပ်ဖွဖွရောနယ်ပါ။ပြီးလျှင် ဆီသုတ်ထားသော ဗန်းထဲသို့ အထူ တစ်လက္မ မှ တစ်လက္မခွဲအနေထည့်ပြီး မျက်နှာပြင်ညီအောင်ညှိပါ။မုန့်မျက်နှာပြင်ပေါ်သို့ ဖယ်ထားသော အုန်းနို့ဦးရေ ဖျန်းပြီး အထက်မီး၊အောက်မီးပေးပါ။အောက်မီး အနည်းငယ်သာထည့်ရန်လိုပါသည်။မုန့်မျက်နှာပြင် နီရောင်သန်းလာသည်အထိ အပေါ်မီးတင်ပါ။
No comments:
Post a Comment